ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက်‌ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး စားရေရိက္ခာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက်‌ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး စားရေရိက္ခာများ ထောက်ပံ့ပေးအပ်








MNP ၊    ဇွန်   ၇

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင် များသည်  ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆)၊နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှု အားပေး၍ ဆေးကုသမှုခံယူနေသူများအား  စားရေရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်  ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များသည် ရခိုင်ပိုက်ဆိပ်ရပ်ကွက်ရှိ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ၎င်းကျောင်းတိုက်အတွင်း မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသော ဒေသခံပြည်သူများကို သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့၊အမှတ်(၆) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး လူတစ်ဦးလျှင် အမယ် ၅ မျိုးပါရှိသည့် ၇ ရက်စာ ရိက္ခာထုပ်များနှင့် သောက်ရေသန့်ကဒ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ 


အလားတူ မြို့သန့်ရှင်းသာယာလှပရေးအတွက် ကျောက်ဖြူလေဆိပ်အနီးတွင် သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့၊အမှတ်(၆)မှ အရာရှိ/စစ်သည်များ၊ ကျောက်ဖြူတပ်နယ်မှ အရာရှိ/ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များမှ စုပေါင်းလုပ်အားပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)