MNP ၊ ဇွန် ၂၀
ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းခြံဝင်း၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုပျက်ခဲ့သော အဆောက်အဦးအပိုင်းအစများ၊ ကျိုးပဲ့ကျန်နေသည့် သစ်ကိုင်း၊ သစ်ရွက်များနှင့်ခြုံနွယ်များအား တပ်မတော်မှ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ကြရာတွင် အခြေခံ ပညာအထက်တန်းကျောင်းခြံဝင်း၌
မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ကျိုးပဲ့ကျန်နေသည့် သစ်ကိုင်း၊ သစ်ရွက်များနှင့်အမှိုက်သရိုက်များကို မြန်မာ့တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်ယန္တရားများနှင့် ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းကားဖြင့် သတ်မှတ်သည့်နေရာများတွင် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။
အဆိုပါသန့်ရှင်းရေးဆောင်ရွက်သည့်နေရာသို့ မြို့နယ်ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များလာရောက် ကြည့်ရှုအားပေးပြီး၊ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment