MNP ၊ မေ ၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ယနေ့ နံနက် ပိုင်းမှ စတင်ကာ သင်ကြားပို့ချ ပေးလျက် ရှိကြောင်း သိရ သည်။
မောင်တောမြို့တွင် ကျောင်းတက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက မိမိတို့ တက်ရောက်မည့် အတန်းအလိုက် သက်ဆိုင်ရာကျောင်းများတွင်အေးချမ်းစွာ ပညာသင်ကြားလျှက်ရှိကြသည်။ မောင်တောမြို့နယ် အတွင်းရှိ အခြေခံ ပညာ အထက် တန်းကျောင်း ၁၀ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၆ ကျောင်း ၊ အလယ် တန်း ကျောင်း ၁ ကျောင်း၊ အလယ်တန်း ကျောင်းခွဲ ၁၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၄၅ ကျောင်း ၊ မူလတန်း ကျောင်း ၃၃ ကျောင်း၊ မူလတန်း ကျောင်းခွဲ ၁၀ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ၁ ကျောင်း နှင့် မြိုယုကျေးရှိ အမကယာယီ ကျောင်း ၁ ကျောင်း စုစုပေါင်း ၁၂၁ ကျောင်းဖွင့်လှစ်လျက်ရှိရာ မောင်တောမြို့အနေဖြင့် ဇွန်လ ၁ ရက်နေ့တွင် အခြေခံ ပညာ ကျောင်းများရှိ အထက်တန်း ကျောင်း သား/ သူ ၁၇၁၆ ဦး ၊ အလယ်တန်းကျောင်းသား/သူ ၃၂၃၉ ဦး ၊ မူလတန်း ကျောင်းသား/သူ ၁၃၈၉၀ ဦး စုစုပေါင်း ကျောင်းသား/သူ ၁၈၈၄၅ ဦး က သက်ဆိုင်ရာကျောင်းများတွင် တက်ရောက် ပညာသင်ယူ လှျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment