Pages

Pages

အင်္ဂပူမြို့တွင် မြန်အောင်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး


MNP ၊    ဇွန်   ၁၀

ဧရာဝတီတိုင်း‌‌ဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများအား စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ‌ပေးခဲ့သည်။


အဆိုပါ စားသုံးဆီများရောင်းချပေးနေမှုအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးဘိုဘိုမှ ကြည့်ရှုအားပေးခဲ့သည်။


မြန်အောင်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများအား စားသုံးဆီကို အခြေခံရည်ညွှန်းဈေး ၁-ပိဿ(၄၂၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿနှုန်းရောင်းချပေးခဲ့ကြောင်းသိရသည်။


မန်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment