Pages

Pages

သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အတွက်အဘိတ်ဆေးခတ်ခြင်းနှင့်ခြင်ဆေးဖြန်းခြင်းဆောင်ရွက်




MNP ၊    ဇွန်   ၁၀             

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့အထကခွဲလင်းသာ​ကျောင်းဝန်းနှင့်စာသင်ခန်းများတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အနေဖြင့် သံတွဲခရိုင်ငှက်ဖျားတိုက်ဖျက်​​ရေးဌာနနှင့်လင်းသာ​ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူး​​ပေါင်းကာယ​နေ့နံနက်၉ နာရီကအထကခွဲလင်းသာ​ကျောင်းဝန်းနှင့်စာသင်ခန်းများကို ​​ခြင်​ဆေး​ဖြန်း​ခြင်း၊​ရေကန်များ ကိုအဘိတ်​​ဆေးခတ်​ခြင်းဆောင်ရွက်ခဲ့သည်။


ကျန်းမာရေး ဝန်ထမ်းများကကျောင်းသားကျောင်းသူများမိုးရာသီတွင်ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး၊သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရေး၊ ရေကန်များနှင့် ခြင်ခိုအောင်းနိုင်သော နေရာများသို့ ပိုးလောက်လန်းမရှိစေ​ရေးအတွက်ခြင်​ဆေး​ဖြန်း​ခြင်း၊ အဘိတ်ဆေးခတ်​​ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment