ကျိုက်ထိုမြို့နယ် လူထုအခြေပြု ဗဟိုဌာန ၌ ပြည်သူ့ဆက်ဆံရေးဘာသာရပ် ဆင့်ပွား သင်တန်း ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် လူထုအခြေပြု ဗဟိုဌာန ၌ ပြည်သူ့ဆက်ဆံရေးဘာသာရပ် ဆင့်ပွား သင်တန်း ဖွင့်လှစ်သင်ကြား





MNP ၊    ဇွန်   ၁၄

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် လူထုအခြေ ပြုဗဟိုဌာန(Community Center) ခန်းမတွင်ဌာန၏ဝန်ဆောင်မှုလုပ်ငန်းများဆောင် ရွက်ရာ၌ လုပ်ငန်းရည်မှန်းချက်များ အဆင် ပြေချောမွေ့စေရေးအတွက် ဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ဆင့်ပွားသင်တန်းကို ဇွန်(၁၄)ရက် နံနက် (၁၀)နာရီတွင် ဖွင့်လှစ် သင်ကြားပေးခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က ဝန်ထမ်းများအား လေ့ ကျင့်ပညာပေးရေး အနေဖြင့် ပြည်သူများနှင့် ပြောဆိုဆက်ဆံရာ၌ အထောက်အကူဖြစ်စေရေးနှင့်  ဦးစီးဌာန၏ ရည်မှန်းချက် လုပ်ငန်းတာဝန်များ အောင်မြင်စေရေး အတွက် ပြည်သူ့ဆက်ဆံရေး ဘာသာရပ် ကို ဆင့်ပွား  သင်တန်း အဖြစ် ဖွင့်လှစ် ဆောင်ရွက်ရခြင်းဖြစ်ပြီး လက်တွေ့နယ် ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချစေလိုကြောင်း ရှင်းလင်းအမှာစကား ပြောကြားခဲ့သည်။


သင်တန်းတွင် မြို့နယ်ဦးစီးအရာရှိကဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေးအဓိပ္ပါယ်၊ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွင်သတိပြုရမည့်အချက်များ၊ပြည်သူ့ဆက် ဆံရေးလုပ်ငန်းတွင်ဆိုးကျိုးဖြစ်စေမည့်အချက်များ၊ ပြည်သူ့ဆက်ဆံရေး၏ ရည် မှန်းချက်ပန်းတိုင်များ၊ပြည်သူ့ဆက်ဆံရေးမှူး၏ တာဝန်နှင့်အရည်အချင်းများ၊ဝန်ဆောင်မှုဆိုင်ရာပြည်သူ့ဆက်ဆံရေးလုပ်ငန်း၊စသည်တို့ကို စာတွေ့လက်တွေ့ ဆွေးနွေး သင်ကြားပေးခဲ့သည်။


အဆိုပါသင်တန်းသို့ ကျိုက်ထိုမြို့နယ်ရုံးမှ ဝန်ထမ်း များတက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)