လားရှိုးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတွင် ဦးဆောင်းနှင့် ဂျုတီကုတ်အပ်နှင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတွင် ဦးဆောင်းနှင့် ဂျုတီကုတ်အပ်နှင်းပွဲ ကျင်းပ






MNP ၊    ဇွန်   ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း အပတ်စဉ်(၃၀)၊ “ဦးဆောင်းနှင့်ဂျူတီကုတ်အပ်နှင်းပွဲ”ကို ယနေ့နံနက် (၉း၃၀)နာရီအချိန်က သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လားရှိုး)တွင် ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လားရှိုး)မှ ကျောင်းအုပ်ကြီး ဒေါ်ဟေမာစိုးဝင်းက ဦးဆောင်းနှင့် ဂျူတီကုတ်အပ်နှင်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း သစ်လွင်ပထမနှစ် သင်တန်းသူ (၄၉)ဦးနှင့် သင်တန်းသား(၁)ဦးတို့အား ဦးဆောင်းနှင့် ဂျူတီကုတ်များကို တာဝန်ရှိသူများမှ အသီးသီး အပ်နှင်းခဲ့သည်။


ယင်းနောက် မျိုးဆက်သစ် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/သူများထံသို့ Florence Nightingale ၏ မီးအိမ်ကို ကျောင်းအုပ်ကြီးမှ လက်ဆင့်ကမ်း ထွန်းညှိပေးခဲ့ပြီး၊ သူနာပြုသစ္စာဓိဌာန် ရွတ်ဆိုခဲ့ကြကာ တတိယနှစ် သင်တန်းသား/သင်တန်းသူများက “ဂရုဏာအလင်း” သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြသည်။ ဆက်လက်၍ ထူးချွန်ဆုရရှိခဲ့ကြသော သစ်လွင်ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းသား/ သင်တန်းသူ ၂၅၃ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)