စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း သားငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး ညှိနိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း သားငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး ညှိနိုင်းအစည်းအဝေး တက်ရောက်




MNP ၊ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သားငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်လုပ်မှုတိုး မြှင့်ရေး ညှိနိုင်းအစည်းအဝေးကို ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့အစည်းအဝေးသည် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် သားငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍကုန်ထုတ် လုပ်မှုတိုးမြှင့်၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကျင်းဆင်းရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ သားငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေကြရသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းမျာအပေါ် တာဝန်ကျေပွန်အောင် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင်ကုန်ထုတ်လုပ်ငန်းများအလိုက် သွင်းအားစုဈေးနှုန်းများကျဆင်းအောင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့်သဘာဝမြေသြဇာများရရှိရေးအတွက် မွေးမြူရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ကာ တိရိစ္ဆာန်များမှထွက်ရှိသည့် စွန်ပစ်ပစ္စည်းများဖြင့် ဇီဝမြေသြဇာများ ထုတ်လုပ်သွားကြရန် လိုအပ်ပါကြောင်း၊


တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေရရှိစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓါတ်အားထုတ်လုပ်နိုင်သည့် လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများဆောင်ရွက်ထား ရှိပြီးဖြစ်ပါ ကြောင်း၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသများအလိုက် ပြည်သူများ စာရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် နိုင်ငံတော်မှနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ပေးထားပြီးဖြစ်ရာ ထိရောက်စွာအသုံးချကာ စနစ်တကျစီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင်လည်း တိုင်းဒေသကြီးမှထုတ်လုပ်သည့် ကုန်ကြမ်းများအား အဓိကထားအသုံးချပြီး ယခင်ကာလများမှဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များအပေါ် သင်ခန်းစာယူကာ ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် တာဝန်ရှိသူများအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦး စီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပို့ဆောင်ရေးစီမံ ကိန်းဦးစီးဌာနများ မှ တိုင်းဒေသကြီးဦးစီးမှူးများက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် များတွင် သားငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး လုပ်ငန်းများဆောင် ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ သားငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း မုံရွာခရိုင်၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌတို့က မြို့နယ်များ၏သားငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြ သည်။


ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း သားငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)