MNP ၊ ဇွန် ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် ဇွန်လ(၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန် က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ခရိုင်တာဝန်ခံ ဦးဆန်းကျော်က အဖွင့် အမှာစကားပြောကြားပြီး ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို Video Clip ဖြင့်ပြသခဲ့သည်။
ထို့နောက် မြောက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ (Solutions to plastic pollution ) ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆုနှင့်တတိယဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများမှ ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးချီးမြှင့်ခဲ့ကြသည်။
၂၀၂၃ ခုနှစ် ဇွန်လ(၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး Video Clip ကို ပြသခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ မြို့နယ်ပညာရေးမှူး ၊ ဌာနဆိုင်တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ဆုရရှိသော ကျောင်းသား ၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ လူမှုရေးအသင်းအဖွဲ့များသည်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ ပြသထားသည့် ကွင်းဆင်းစစ်ဆေးမှုမှတ်တမ်းဓါတ်ပုံများ၊ အသိပညာပေးလုပ်ငန်း မှတ်တမ်းပုံများ နှင့် ရေထုအရည်အသွေးတိုင်းတာခဲ့သည့် မှတ်တမ်းပုံများ၊ နံရံကပ်ပိုစတာများ၊ ရေထုတိုင်းတာရေး စက်ကိရိယာပစ္စည်းများကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးဆန်းကျော် မှ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment