MNP ၊ ဇွန် ၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် နှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉ နာရီအချိန်က မြောက်ဦးမြို့ရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်၍ ပညာသင်ကြားနေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် နှင့်တာဝန်ရှိသူများသည် မြောက်ဦးမြို့ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပညာသင်ကြားနေမှု၊ စာသင်ဆောင်များ၏အနေအထား ၊ သန့်ရှင်းသော သောက်သုံးရေရရှိမှုအခြေအနေ၊ ဆရာ/ဆရာမ များနားနေဆောင်၊ ကျောင်းသား အရေအတွက်နှင့် ကျောင်းအိမ်သာများထားရှိမှုအခြေအနေ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာမှုအနေအထား၊ ကျောင်းသားမိဘများ၏ ကျောင်းအပ်နှံမှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၄၄) ကျောင်း ၊ ကျောင်းသား၊ကျောင်းသူ (၃၉၇၂၄) ဦးရှိပြီး ဇွန်လ (၁) ရက်နေ့မှစ၍ ကျောင်းများရာနှုန်းပြည့်ဖွင့်လှစ်ပြီး ပညာသင်ကြား နေပြီဖြစ်ရာ ကျောင်းသား၊ကျောင်းသူများ ပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိသည်။
ယခုကဲ့သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများသည် အခြေခံ ပညာကျောင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းမှာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်နှင့် ကျောင်းအင်္ဂါရပ်နှင့်ပြည့်စုံပြီး ကျောင်းကျန်းမာရေးနှင့်ကိုက်ညီစေ၍ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်း ဖြစ် ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment