MNP ၊ ဇွန် ၆
ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့၌ ကျေးလက်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက မိုးဦးကျကာလဖြစ်ပွားတတ်သောရောဂါများအကြောင်းကျန်း မာရေးအသိပညာပေး ဟောပြောပွဲ ကို ယနေ့နံနက် ၁၀ နာရီအချိန်ကရွာသာယာကျေးရွာ နှင့်မီးလောင်ချောင်းကျေးရွာ၌ ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကိုအမ်းမြောက် အုပ်စုရွာသာယာကျေးရွာအခြေခံပညာကျောင်း
နှင့် မီးလောင်ချောင်းကျေးရွာ အခြေခံပညာစာသင်ကျောင်းများ၌ကျေးရွာလူထုဖြင့် မိုးဦးကျရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါများနှင့်အခြားကျန်းမာရေးအကြောင်းအရာများအားဟောပြောဆောင်ရွက်ခဲ့ရာပြည်သူ
များကသိရှိလိုသည်များမေးမြန်းခဲ့ရာ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှပြန်လည်ဖြေကြားရှင်းလင်းခဲ့ ကြောင်းသတင်းရရှိပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment