MNP ၊ ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ အခြေခံလူတန်းစားများ စားသုံးမှု အဆင်ပြေ ချေားမွေ့စေရန်အတွက် ယနေ့နံနက်ပိုင်းမှစ၍ သားငါးများအား ပုံမှန်ဈေးနှုန်းထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ အခြေခံလူတန်းစားများမှစ၍ သားငါးများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ သားငါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံလူတန်းစားများအတွက် သားငါးဈေနှုန်းများကို ပုံမှန်ဈေးနှုန်းထက် လျှော့ရောင်းနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ဝါးခယ်မမြို့၊ ဈေးရပ်ကွက်၊ မြို့မဈေးတွင် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအဖွဲ့မှ ဈေးနှုန်းသက်သာသောအရောင်းဆိုင်ဖွင့်ပြီး ဝက်သားတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှုန်းဖြစ်လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်နှုန်းဖြစ်လည်းကောင်း ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသုံးသူတိုင်း ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက်အစရှိသည့် ဟင်းသီးဟင်းရွက်များကိုပါ အခမဲ့ပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment