MNP ၊ ဇွန် ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံ ပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါနယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်း သား/သူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရန်၊ ဗဟုသု တတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုကြရန် စသည့် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်း ပြောကြားပြီးနောက် တိုင်းရင်းသားရုပ်ပုံပြပုံပြင်စာအုပ်များ၊ ဓမ္မရုပ်ပြများနှင့် ပုံပြင်စာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူလေးများ အသိပညာဗဟု သုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လက်ဝယ်အရောက်ငှားရမ်းပေးခြင်းကို အပတ်စဉ်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး
https://t.me/MyanmarNationalPost
No comments:
Post a Comment