ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး၌ ဆက်လက်၍ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး၌ ဆက်လက်၍ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးလျက်ရှိ


MNP ၊ ဇွန်  ၁၇

နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ ၏ အဓိပတိ သီတဂူဆရာတော်ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီး ဦးဆောင် ကြီးကြပ်မှုဖြင့် မျက်စိဝေဒနာရှင်များအား မျက်စိအထူးကု ဆရာဝန် ပါရဂူကြီးများ က ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး ၌ အခမဲ့စမ်းသပ်ကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ မျက်စိအခမဲ့စမ်းသပ်ကုသပေးခြင်း ဆောင်ရွက်ပေးနေမှုများကို ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သီတဂူဆရာတော်ဘုရားကြီးထံ အလှူငွေများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထိုကဲ့သို့ မျက်စိအခမဲ့စမ်းသပ်ကုသပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး မျက်စိဝေဒနာရှင် ၁၇၂၈ ဦးကို အခမဲ့ကုသပေးခဲ့ကာ ၎င်းတို့အနက် ခွဲစိတ်ကုသပေးရန်လိုအပ်သူ ၃၂၃ ဦးရှိကြောင်းနှင့် လာရောက် ဆေးကုသမှုခံယူသူများအား စားသောက်ဖွယ်ရာများ ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)