ဟင်္သာတမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေငြာ၊ အောင်ချက် ၇၀.၃၈ ရာခိုင်နှုန်းအောင်မြင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေငြာ၊ အောင်ချက် ၇၀.၃၈ ရာခိုင်နှုန်းအောင်မြင်


MNP ၊    ဇွန်   ၉

 ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်၆နာရီက တစ်နိုင်လုံးအနေဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန web- siteမှ နံနက် (၄) နာရီအချိန်မှစ၍ထုတ်ပြန်ပေးလျှက်ရှိရာ online မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပြီး၊ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင်လည်း အောင်စာရင်းများ ထုတ်ပြန်ကြေငြာထားရာ ဟင်္သာတမြို့နယ်အတွင်း ၇၀.၃၈ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။


ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၁၃ ခုတွင် ကျောင်းသားကျောင်းသူ ၁၂၉၃ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၉၁၀ ဦးအောင်မြင်ခဲ့သည်။ ငါးဘာသာဂုဏ်ထူးရှင် ၃ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၅ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၈၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၉၈ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၉၂ ဦး စုစုပေါင်း ၃၉၅ ဦးတို့မှ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 ဟင်္သာတခရိုင်တွင် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်များတွင် ဝင်ရောက်ဖြေဆိုသူ ၂၁၁၉ ဦးအနက် အောင်မြင်သူ ၁၄၈၂ ဦးဖြစ်ပြီး ဂုဏ်ထူးရရှိသူ စုစုပေါင်း ၇၄၁ ဦးရှိကြောင်း ခရိုင် ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)