MNP ၊ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ(၅)၊ ဗိုလ်ချုပ် လမ်းရှိ လူနေအိမ်တစ်လုံးမှာ ယမန်နေ့ ည ၈ နာရီ ၂၀ အချိန်တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးမှုအရ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ကလေးခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ ကလေးခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဘိုဘိုဝင်းတို့ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊ သန္တေမီးသတ်တပ်ဖွဲ့ဝင်(၂+၂၀)ဦးတို့သည် မီးငြှိမ်းသတ်ရေယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၃)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၈ နာရီ ၅၀ အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုအကြောင်းအရင်းမှာ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ(၅)၊ ဗိုလ်ချုပ်လမ်းတွင် နေထိုင်သော အိမ်ငှား ဒေါ်ဝုန်ငိုက်သည် ဟွန်ဒါမီးစက်အား စက်နှိုးထားစဉ်ဆီဖြည့်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး (၃၂*၁၈)ပေ သွပ်မိုး ပျဉ်ခင်းပျဉ်ကာ နှစ်ထပ်အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ (၂၈၉၂၀၀၀)သိန်းခန့် တန်ဖိုးရှိကြောင်းနှင့် တရားခံ ဒေါ်ဝုန်ငိုက်အား အမှုဖွင့်အရေးယူနိုင်ရေး မြို့မရဲစခန်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment