တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲပြုလုပ်







MNP ၊    ဇွန်   ၂၁

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အခြေခံပညာဦးစီး ဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က အမှတ်(၂)၊အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မြို့နယ်တပ်ဖွဲ့မှူး ရဲမှူး မြသောင်း က လူငယ်နှင့်မူးယစ်ဆေး အန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံး မှ ဦးစီးအရာရှိ ဦးမြင့်ရွှေ က လူငယ်နှင့်အနာဂတ်ပန်းတိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်အေးနန္ဒာကျော် က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောပြီးနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှ ကြက်တောင်အာကစား ပစ္စည်များကိုပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်နု ကလက်ခံရယူသည်။ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ ၊ ဆရာမများ ၊ ကျောင်း သား ၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှပြသထားသည့် မူယစ်ဆေးဝါးအသိ ပညာပေး နံရံကပ် စာစောင်များကိုကြည့်ရှုကြသည်။


အဆိုပါအခမ်းအနားသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်နု နှင့်ဆရာ ၊ ဆရာမများ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးခန့်တက်ရောက်ခဲ့ ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)