MNP ၊ ဇွန် ၈
တံတားဦးခရိုင် တံတားဦးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီဌာနမှ အသက်(၅)နှစ်မှ (၁၁)နှစ် အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose)ကို သက်ဆိုင်ရာအခြေခံပညာကျောင်းများလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံရန် အခြေခံပညာ အထက်တန်းကျောင်း ၊ အလယ်တန်းကျောင်း၊ မူလတန်း ကျောင်းတို့မှ မူလတန်းအဆင့် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက်ရှိရာ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း ၊ နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊၊ စာရင်းရေးသွင်းနှင့် မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒကိုရယူကာ ကျန်းမာရေးစည်းကမ်းများနှင့်အညီ ထိုးနှံပေးခဲ့ပါကြောင်း ၊ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား/သူများကိုလည်း ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း တံတားဦးမြို့နယ် ပညာရေးမှူး ဒေါ်စန်းဥ ထံမှ သိရသည်။
တံတားဦးမြို့နယ်တွင် အ.ထ.က(၈)ကျောင်း ၊ အ.ထ.က-ခွဲ (၉)ကျောင်း ၊ အ.လ.က(၁၀)ကျောင်း ၊ အ.လ.က-ခွဲ((၈)ကျောင်း ၊ မူလွန်(၁၇)ကျောင်း ၊ အ.မ.က(၆၈)ကျောင်း ၊ အ.မ.က-ခွဲ(၁)ကျောင်း ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၉)ကျောင်း၊ စုစုပေါင်း(၁၃၀)ကျောင်း ရှိကြောင်းလလည်း သိရသည်။
ဦးရဲတင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment