ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်




MNP ၊    ဇွန်   ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ”စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထု အခြေ ပြု ဗဟိုဌာန Community  Center ခန်းမ ၌ ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး တာဝန်ပေး ဦးမြင့်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး   ခရိုင်ရုံးရှိဝန်ထမ်းများက “နိုင်ငံ့ ဝန် ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ”စာအုပ်ပါ အကြောင်းအရာများဖြစ်သော  နိုင်ငံ့ဝန်ထမ်းများထားရှိရမည့် စံတန်ဖိုး သတ်မှတ်ချက်များ ၊ ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း ၊ လုပ်ငန်းတာဝန်များကို ဇွဲ ၊ လုံ့လ ၊ဝီရိယဖြင့် တိကျမှန်ကန် မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ခြင်းစသည့် ခေါင်းစဉ်များတွင် ပါဝင်သော အချက် အလက်များ အကြောင်းအရာ များအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး  သိလိုသည်များအား အပြန်အလှန် ဆွေးနွေး ခဲ့ ကြ ကြောင်းသိရသည်။ 


အောင်ကျော်စိန် ၊ သက်လွင်စိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)