MNP ၊ ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Club အဖွဲ့များပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ခဲ့ပြီးနောက် စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် ဦးတင်အောင်သိန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ဦးမြို့ကျော်နှင့် ဦးခင်မောင်အေး Book Club အဖွဲ့ဝင်များက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများအနက်မှ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုချင်းအလိုက် အကြောင်းအရာများကို မိမိတို့ ဘဝဖြတ်သန်းမှု တစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများနှင့်ယှဉ်၍ အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် မြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့၊ အမျိုးသမီးအသင်း (Women Club)၊ လူငယ်အသင်း (Youth Club) အဖွဲ့များနှင့် ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုး တန်ဖိုးထား တတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်
https://t.me/MyanmarNationalPost

No comments:
Post a Comment