ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသေးစား စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသေးစား စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ


MNP ၊    ဇွန်   ၁၉

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် အသေးစား စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အသေးစား စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ရေးဆိုင်ရာ အသိပညာပေး Talk Show တွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင်က အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် တာဝန်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်သူ့ဝန်ဆောင်မှု ပေးနေသည့် လုပ်ငန်းများ၊ လေ့ကျင့်ပညာပေးသင်တန်းများ ဖွင့်လှစ်နိုင်မှုအခြေအနေများ၊  အသေးစား စက်မှုလက်မှုလုပ်ငန်းအနေဖြင့် မှတ်ပုံတင်ဆောင်ရွက် ရမည့် လုပ်ငန်းအမျိုးအစားများနှင့် မှတ်ပုံတင်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား သိရှိနားလည်စေရေး အသိပညာပေး Talk Show တွင် အများပြည်သူများ သိရှိနားလည်စေရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဖြူလူသစ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)