ပေါင်မြို့နယ်Community Centre ခန်းမတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်Community Centre ခန်းမတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်


MNP ၊    ဇွန်   ၂၁

မွန်ပြည်နယ်၊  ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ    အသိပညာပေး  Talk Show ဆွေး နွေးပွဲကို ယနေ့ နံနက် ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်း ပပြုလုပ်ခဲ့သည်။  


ရှေးဦးစွာမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အသိပညာပေး (TALK   SHOW) အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးသည်။


ထို့နောက်  မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်လဲ့လဲ့ထူးက  ငလျင်လှုပ်ရသည့်အကြောင်းအရင်းများကိုလည်းကောင်း၊ငလျင်လှုပ်နေစဉ်လိုက်နာရမည့်အချက်များကိုလည်းကောင်း၊ငလျင်လှုပ်နေစဉ်ရှောင်ရှားသင့်သည့်အချက်များကို  လည်းကောင်း၊ငလျင်လှုပ်ပြီးပါကပြုလုပ်ရမည့်အကြောင်းအရာများကိုလည်းကောင်း၊ ငလျင် ပမာဏ ရစ်ခ်ျတာစကေး သက်ရောက်မှုရှိနိုင်ခြေများကိုလည်းကောင်း စသည့်ပြည်သူများ သိထားရမည့်အကြောင်းအရာများကို  ဆွေးနွေးခဲ့သည်။


ပေါင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)