MNP ၊ ဇွန် ၁၄
လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့်မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နေ့လယ် ၁ နာရီက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ပြုလုပ်သည်။
အဆိုပါ(Talk Show ) တွင် မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန် နှင့် ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုး တို့က မူးယစ်ဆေးဝါး၏ အဓိပ္ပယ်၊ မူးယစ်ဆေးဝါး၏ သမိုင်းကြောင်းနှင့် သုံးစွဲပုံအဆင့်ဆင့် ပြောင်းလဲလာပုံများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဥ်ဖွယ်၊ ဆေးဝါးသုံးစွဲသူဘဝ မရောက်ရှိစေရန် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များဆွေးနွေးကြသည်။
ထို့ပြင် မူးယစ်ဆေးဝါးပြဿနာသည် လူ့အသိုင်းအဝိုင်းတစ်ခုအတွင်း ထိခိုက်ခြင်း သာမက နိုင်ငံတစ်ခုချင်းစီ၏ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေနိုင်သည့်အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်း လက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် လုံးဝအမြစ်ပြတ်သည်အထိ ဝိုင်းဝန်းတိုက်ဖျက်ကြရမည် ဖြစ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးကြသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment