MNP ၊ ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် online မှ အဖြူရောင်အန္တရာယ် သိကောင်းစရာ အသိပညာပေး (Talk Show) ကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုဦးစီးမှူး ဒေါ်ဇာဇာလှိုင်းက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုဦးစီးမှူး ဒေါ်ဇာဇာလှိုင်းက အဖြူရောင်အန္တရာယ်အကြောင်း သိကောင်းစရာ များအား မေးမြန်းဆွေးနွေးရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုဦးစီးမှူး ဒေါ်ဟေမာဆွေက ပလတ်စတစ်အကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှု၊ စွန့်ပစ်ပလတ်စတစ်အမှိုက်များကြောင့် ဆိုးကျိုးများ၊ ပလတ်စတစ်အမှိုက် ကြောင့် ထိခိုက်ခံစားရသူများ စသည့်အချက်များကို အသိ ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်ဟန်
https://t.me/MyanmarNationalPost

No comments:
Post a Comment