Pages

Pages

ကျွန်းစုမြို့၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သိကောင်းစရာ (Talk Show) ပြုလုပ်


MNP ၊    ဇွန်   ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယနေ့ နံနက် (၁၀)နာရီအချိန်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သိကောင်းစရာ (Talk Show)ကို  ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက် - ၃ ဒေါ်စိုးစိုးသွယ်က ဇွန်လ(၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့အဖြစ် သတ်မှတ်ထားခြင်းကြောင့် ပြည်သူများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆိုင်သော သိကောင်းစရာများ သိရှိစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ​​ပြောကြားခဲ့ပြီး အငယ်တန်းစာရေး ဒေါ်ယုယုဝါက ၁၉၇၄ခုနှစ်မှ စတင်၍ ဇွန်လ (၅) ရက်နေ့ နောက်တိုင်း  ကမ္ဘာ့ပတ်ဝန်းကျင်   ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားကြောင်း၊ ပတ်ဝန်းကျင် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများကြောင့် သက်ရှိသတ္တဝါများ၊ အပင်များ မပျက်စီးစေရန် ထိန်းသိမ်းရမည့် အချက်များ၊ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ၊ ရေထု၊ လေထု ညစ်ညမ်းမှု၊ မြေဆီလွှာပြုန်းတီးမှုမှ ကာကွယ်ရမည့် အချက်များနှင့် သစ်တော၊ သစ်ပင်များ ရေရှည် တည်တံ့ရေးအတွက် ဝိုင်းဝန်းပူးပေါင်းကာကွယ်ရမည့် အချက်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။


စိုးစိုးသွယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment