ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ပြုလုပ်




         

MNP ၊    ဇွန်   ၁၄

ရခိုင်ပြည်နယ်၊  သံတွဲခရိုင်၊   ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန.    လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်  စာပေချစ်မြတ်နိုးသူများပါဝင်သည့် Youth Club အဖွဲ့ဝင်များက ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၉)ပါ မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)ရေးသားသည့် "တစ်ဦးချင်း စွမ်းဆောင်ရည်မှသည် ထိရောက်အကျိုးရှိသော အဖွဲ့အစည်းသို့" ဆောင်းပါးဖြင့်  ယနေ့မွန်းလွဲ၁နာရီ၌ စာဖတ်ဝိုင်းပြုလုပ်  ဆောင်ရွက်ခဲ့သည်။

      

 ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက.  စာဖတ်ဝိုင်း ပြုလုပ် ရခြင်းကြောင့် စာပေ ဖတ်ရှုသည့် အလေ့အကျင့် ကြောင့်  အသိပညာ   ဗဟုသုတများ  တိုးပွားလာ ပြီးအမှားအမှန်ဝေဖန်  ပိုင်ခြားနိုင်မှုများ  ရရှိလာစေရန်၊  စာပေ  အကြောင်းအရာများကို  တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်ပြီး   စာပေအကျိုးကျေးဇူးကို  ရရှိခံစားနိုင်စေရန်    စသည့် ရည်ရွယ်ချက်များဖြင့်     စာဖတ်ဝိုင်းကို   ဆောင်ရွက်ရခြင်း    ဖြစ်ကြောင်း    ပြောကြား ခဲ့သည်။ 

  

ထို့နောက်  Youth Club အဖွဲ့ဝင်များက လူပုဂ္ဂိုလ်တစ်ဦးချင်းစီတွင် ရုပ်ပိုင်းဆိုင်ရာနှင့် အသိဉာဏ်ပိုင်းဆိုင်ရာ အကန့်အသတ်များ ရှိပြီး ယင်းအကန့်အသတ်များကို အုပ်စုလိုက်ကြိုးပမ်းမှုများဖြင့် သာ ကျော်လွှားနိုင်မည်ဖြစ်ကြောင်းစသည့်‌ဖြင့် တစ်ဦးချင်းစီ ဆောင်းပါးအား ခြုံငုံဖတ်ကြားခဲ့ကြပြီး ဆောင်းပါးပါ   အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)