ပြည်ပြေး ဝရမ်းပြေး CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ က တီးတိန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(မြို့မ)အား လက်လုပ်ရီမုမိုင်း ဖြင့် မိုင်းထောင်ဖောက်ခွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ က တီးတိန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(မြို့မ)အား လက်လုပ်ရီမုမိုင်း ဖြင့် မိုင်းထောင်ဖောက်ခွဲ




MNP ၊ ဇွန်  ၂

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေး ငယ်များ၏ ပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရန်နှင့် ပညာသင်ကြားနိုင်မှု အခွင့် အလမ်းကို ပြည့်ဝစွာရရှိနိုင်စေရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး စာသင်ကျောင်းများကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်သင် ကြားပေးလျက်ရှိသည်။


သို့ရာတွင် ပြည်ပြေး ဝရမ်းပြေး CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့် အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ် ချက်များဖြင့် အကြမ်းဖက်မှုလုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။


ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက တီးတိန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(မြို့မ)တွင်အေးချမ်းစွာ ပညာ သင်ကြားလျက်ရှိသော ကလေးသူငယ်များ အထိတ်တလန့်ဖြစ်စေရန် ကျောင်းဝင် ပေါက်အနီး၌ လက်လုပ်ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ကျောင်း အဆောက်အဦနှင့် ကျောင်းသား၊ ကျောင်းသူများ ပျက်စီး/ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အဆိုပါကျောင်းတွင် ဆရာ၊ ဆရာမ ၁၆ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၃၉ ဦး၊ စုစုပေါင်း ၁၇၀ ဦး ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။


ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေရန် ရည်ရွယ်၍ မိုင်းထောင် ဖောက်ခွဲခဲ့သူများအား  အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)