အုတ်တွင်းမြို့နယ်၌ Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးနေမှု လက်တွေ့သရုပ်ပြသ - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးနေမှု လက်တွေ့သရုပ်ပြသ



MNP ၊    ဇွန်   ၂၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးနေမှု လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုအားပေးသည်။


အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာ ရန်ကုန်-မန္တလေးလမ်းဘေးရှိ တောင်သူဦးညွန့်ဝေ၏ မိုးစပါးစိုက်ပျိုးမည့် လယ်မြေ(၁၂)ဧကအား Drum Seeder စနစ်ဖြင့် စိုက်ပျိုးနေမှု သရုပ်ပြသခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီး ကြပ်မှု‌ကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က စိုက်ပျိုးမှုစနစ် မှန်ကန်ရေးနှင့် စပါးအထွက်နှုန်း တိုးတက်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများအား လမ်းညွှန်မှာကြားသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးမှုသရုပ်ပြသခြင်းကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဆန်းဦးထံမှ သိရသည်။


အေမင်းရည်စော

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)