ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်ကျင်းပသော “Exchange of Expertise Programme for Brussels-based ASEAN Diplomats” ဖွင့်ပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်ကျင်းပသော “Exchange of Expertise Programme for Brussels-based ASEAN Diplomats” ဖွင့်ပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်



MNP ၊ ဇွန် ၈

ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ သုတေသနနှင့် လေ့ကျင့်ရေးအဖွဲ့အစည်းဖြစ်သည့် Egmont Institute ၏ ညွှန်ကြားရေးမှူးချုပ် Mr. Pol De Witte  ၏ ဖိတ်ကြားချက်အရ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန် သည် ၅-၆-၂၀၂၃ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ Egmont Institute ၌ ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဘယ်လ်ဂျီယံအခြေစိုက် အာဆီယံသံတမန်များအတွက် စီစဉ်ကျင်းပသော “Exchange of Expertise Programme for Brussels-based ASEAN Diplomats” အစီအစဉ်၏ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် Egmont Institute ၏ ညွှန်ကြားရေးမှူးချုပ် Mr. Pol De Witte နှင့် ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mr. Jeroen Cooreman တို့က ကိုဗစ်-၁၉ ကပ်ရောဂါ၊ တောင်တရုတ်ပင်လယ်အရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ရုရှား-ယူကရိန်းစစ်ပွဲ တို့ကြောင့် ဥရောပသမဂ္ဂ၏ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ရည်မှန်းချက်နှင့် အာရုံစိုက်မှုများ ပြောင်းလဲလာခဲ့ကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသအပေါ် ပိုမိုအာရုံစိုက်လာခဲ့ပြီး  ဒေသတွင်းနိုင်ငံများနှင့် ဥရောပသမဂ္ဂ နိုင်ငံများအကြား ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်အတွက် ရာသီဥတုနှင့် စွမ်းအင်၊ ဒစ်ဂျစ်တယ်၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးနှင့် သုတေသနကဏ္ဍများ၌ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို Global Gateway အစီအစဉ်မှတစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံသည် လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဥရောပသမဂ္ဂကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်း ရယူမည်ဖြစ်ရာ ယခုအစီအစဉ်သည် ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံတမန်များအတွက် ဥရောပသမဂ္ဂ၊ ဘယ်လ်ဂျီယံ တို့နှင့် ပတ်သက်ပြီး ပိုမိုသိမြင်သဘောပေါက်လာစေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ 

အာဆီယံနိုင်ငံ သံရုံးအသီးသီးမှ သံအမတ်ကြီးများက ဥရောပသမဂ္ဂနှင့် အာဆီယံ နိုင်ငံများအကြား ဆက်ဆံရေး၊ အိမ်ရှင် ဘယ်လ်ဂျီယံနိုင်ငံ၏ အခန်းကဏ္ဍနှင့် ဘာသာရပ်ဆိုင်ရာ ဆောင်ရွက်နေသော အာဆီယံသံတမန်များအတွက် “Exchange of Expertise Programme for Brussels-based ASEAN Diplomats” အစီအစဉ်၏ အထောက်အကူဖြစ်မှုတို့နှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့သည်။

မြန်မာသံအမတ်ကြီးကလည်း ဥရောပသမဂ္ဂ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာတွင် အာဆီယံသည် အချက်အချာကျသော ဒေသဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာဝပြောမှုအတွက် ဒေသ၏ လုံခြုံရေးနှင့် စီးပွားရေးအဆောက်အအုံအား ကိုယ်တိုင်ဦးဆောင်ပုံဖော်နိုင်ရန် လိုအပ်ကြောင်း၊ ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်ကျင်းပပေးသော ယခုအစီအစဉ်သည် အာဆီယံသံရုံးအသီးသီးမှ မျိုးဆက်သစ် သံတမန်များ၏ ဥရောပသမဂ္ဂ၏ အင်စတီကျူးရှင်းများနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသော အသိအမြင် ဗဟုသုတကို ကျယ်ပြန့်စေပြီး အနာဂတ်တွင် အာဆီယံနှင့် ဥရောပသမဂ္ဂအကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု ပိုမိုတိုးမြင့်လာစေရန် အထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)