MNP ၊ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အမျိုးသမီးတစ်ဦးသည် Facebook လူမှုကွန်ရက်တွင် မမှန်သတင်းများ ရေးသာဖြန့်ဝေနေသဖြင့် ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၂) ရပ်ကွက်၊ သီတာလမ်းရှိ "SK" အထည်ဆိုင်မှ ဝန်ထမ်း ၁ ဦးဖြစ်သည့် ခိုင်ငြိမ်းအေးသည် " khaing Nyein Aye" အကောင့်၊ Flower Rose အကောင့်များဖြင့် လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေနေကြောင်း သိရှိရသဖြင့် လုံခြံရေးအဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ ခိုင်ငြိမ်းအေး အား အသင့်တွေ့ရှိခဲ့၍ စစ်ဆေးခဲ့ရာ လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေထားကြောင်း အထောက် အထားများနှင့်တကွ စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment