ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး HDPE ပိုက်စက်ရုံနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ အသုံးချ သုတေသနဌာန(ထောက်ကြန့်) ဓာတ်ခွဲခန်းတို့ကို သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး HDPE ပိုက်စက်ရုံနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ အသုံးချ သုတေသနဌာန(ထောက်ကြန့်) ဓာတ်ခွဲခန်းတို့ကို သွားရောက်ကြည့်ရှု



MNP ၊ ဇွန် ၄

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသ ကြီး မင်္ဂလာဒုံမြို့နယ်ရှိ Authentic Production Co., Ltd. ၏ HDPE (High Density Polyethylene) ပိုက်စက်ရုံနှင့် ထောက်ကြန့်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၏ အသုံးချသုတေသနဌာန (ထောက်ကြန့်) ဓာတ်ခွဲခန်းနှင့် ရေနံရှာဖွေရေး အသုံးချသုတေသနဌာနလုပ်ငန်းများသို့ သွားရောက် ကြည့်ရှုစစ် ဆေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ Authentic Production Co., Ltd. ၏ HDPE (High Density Polyethylene) ပိုက်စက်ရုံသို့ ရောက်ရှိကြရာ စက်ရုံ Managing Director က ပိုက်ထုတ်လုပ်မှုလုပ်ငန်းစဉ်၊ ရေပိုက်၊ ဖိအားနိမ့်ဓာတ်ငွေ့ပိုက်နှင့် ရေနံဓာတ်ငွေ့ ရည်ပိုက်များအသုံးပြုနိုင်ရန် ကုန်ကြမ်းအမျိုးမျိုးရောစပ် အသုံးပြုထုတ်လုပ်ထား သော ပိုက်အမျိုးမျိုး၊ ဖိအားများအရ ပိုက်များ၏ခံနိုင်ရည်၊ ပိုက်များ ဆက်သွယ်နည်းစနစ်များ၊ ထုတ်လုပ်ထားသော ပိုက်အမျိုးမျိုးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံ၏ပိုက်ထုတ်လုပ်မှု နည်းပညာ၊ ပိုက်ဆက်နည်းပညာ၊ ရေပိုက်လိုင်းများအဖြစ် အသုံးပြုနိုင် မှု၊ ဖိအားနိမ့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတို့တွင် HDPE (High Density Polyethy-lene) အသုံးပြုနိုင်မှုအခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံမှထုတ်လုပ်လျက်ရှိသော ပိုက်နှင့် ဆက်စပ် ပစ္စည်းများ၊ ပိုက်ဆက်သရုပ်ပြခြင်း၊ ပိုက်ဖိအားခံနိုင် ရည်စမ်းသပ်ခြင်းတို့နှင့် စက်ရုံ အတွင်း ကုန်ထုတ်လုပ် မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် အသုံးချသုတေသနဌာန (ထောက်ကြန့်) အစည်းအဝေးခန်းမသို့ရောက်ရှိရာ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန် ရှိသူများက ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးအတွက် အသုံးချ သုတေသနဌာနမှ သုတေသနဌာနခွဲများအလိုက် ဆောင်ရွက်နေမှု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ထုတ်လု ပ်ခြင်းလုပ်ငန်းများတွင် အထောက် အကူပြုနိုင်ရန်အတွက် ဓာတ်ခွဲခန်းလုပ် ငန်းများ ဆောင်ရွက်နေမှုနှင့် သုတေသနလုပ်ငန်းများအတွက် ရေနံတွင်းများမှရရှိသော ကျောက်န မူနာ Core Sample များ သိမ်းဆည်းထားမှုအခြေအနေနှင့် ဆောင်ရွက် နေမှု လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။


တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော် စမ်းသပ်ရာတွင် အထောက်အကူဖြစ်စေရန် အရည် အသွေးမှန်ကန်သည့် အဖြေများရရှိရန် သုတေသနနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် ကြရန်၊ ဓာတ်ခွဲခြင်း သုတေသန ဆောင်ရွက်မှုနှင့် ပတ်သက်၍ မျိုးဆက်သစ်ဝန်ထမ်းများကို လက်ဆင့် ကမ်းသင်ကြား လေ့ကျင့်ပေးရန်နှင့် နည်းပညာများ မျှဝေပေးရန်လို အပ်ကြောင်း၊ ရေနံရှာဖွေတူးဖော် ထုတ်လုပ်ခြင်းအတွက် ဆိုက်စမစ်တိုင်းတာခြင်း၊ တွင်းတူးဖော်ခြင်းများ ဆောင်ရွက်ရ မည်ဖြစ်သကဲ့သို့ တူးဖော်စမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လည်း ပံ့ပိုးပေးနေသော အသုံးချသုတေသနဌာနကို တစ်ပြိုင်နက်တည်း အဆင့်မြှင့်တင်သွားရန် လိုအပ် ကြောင်းမှာ ကြားပြီး သုတေသနဌာနခွဲအတွင်း ဓာတ်ခွဲခန်းများအလိုက် ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် Core Sample များထားရှိသည့် ဂိုဒေါင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးဌာနနှင့် အသုံးချသု တေသနဌာနကို ၁၉၇၉ ခုနှစ်တွင် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တွင် စတင်ထူ ထောင်ခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးနှင့် ထုတ်လုပ်ရေးအတွက် အခြေခံ ကျသည့် ဓာတ်ခွဲစမ်းသပ်ခြင်း၊ ဘူမိဗေဒ၊ ဘူမိရူပဗေဒ အချက်အလက်များနှင့် ပေါင်းစပ်လျက် ရေနံသဲကြော ဂုဏ်သတ္တိလေ့လာဓာတ်ခွဲခြင်း၊ တွင်းတူးရွှံ့စမ်းသပ် ဓာတ်ခွဲခြင်း၊ ကျောက်ပညာ လေ့လာရေးဓာတ်ခွဲခြင်း၊ ဇီဝဗေဒလေ့လာရေး ဓာတ်ခွဲခြင်း၊ ဘူမိဓာတုဗေဒ ဓာတ်ခွဲခြင်း စသည့်အဓိကလုပ်ငန်း ငါးခုဖြင့် အော်ဂဲနစ် ကာဗွန် အမျိုးအစားများ၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ဖြစ်နိုင်ခြေရှိသည့် အထောက်အကူပြု အချက်အလက် များကို ဓာတ်ခွဲစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)