ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် IAEA Board of Governors အစည်းအဝေးသို့ တက်ရောက်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် IAEA Board of Governors အစည်းအဝေးသို့ တက်ရောက်ဆွေးနွေး





MNP ၊ ဇွန် ၉

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်း များဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း သည် Vienna International Centre ၌ ၅-၆-၂၀၂၃ ရက်မှ ၈-၆-၂၀၂၃ ရက်အထိ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) ၏ အုပ်ချုပ်မှု အဖွဲ့ (Board of Governors) အစည်းအဝေးတွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နျူကလီးယားလက်နက်မပြန့်ပွားရေးဆိုင်ရာ ကဏ္ဍတို့တွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် သဘောထားအမြင်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာအမြဲတမ်းကိုယ်စားလှယ် က IAEA အနေဖြင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များမှတစ်ဆင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နျူကလီးယားသိပ္ပံနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးမှုများနှင့် မြန်မာနိုင်ငံ၏ နျူကလီးယားဥပဒေ (မူကြမ်း) အား နျူကလီးယား လုံခြုံစိတ်ချအန္တရာယ်ကင်းရေးဆိုင်ရာ နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် ပြင်ဆင်ရေးဆွဲရာတွင် IAEA မှ ကျွမ်းကျင်ပညာရှင်များ စေလွှတ်ခြင်းဖြင့် ဥပဒေရေးရာ ကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုသည့် ရည်ရွယ်ချက်ကို သာ ထောက်ခံပြီး၊ နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးအပေါ် အစဉ်တစိုက်ရပ်တည်ကြောင်း  စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ 


အစည်းအဝေးတွင် IAEA အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၂၀၂၂ ခုနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာ၊ နည်းပညာပူးပေါင်းဆောင်ရွက်မှု အစီရင်ခံစာ၊ ဘတ်ဂျက်အစီရင်ခံစာ၊ နျူကလီးယား ကာကွယ်စောင့်ရှောက်ရေးနှင့် စစ်ဆေးအတည်ပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ နျူကလီးယားမပြန့် ပွားရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် Board of Governors အဖွဲ့ဝင်များအဖြစ် ခန့်အပ်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများအားလုံး အချုပ်အခြာအာဏာ တန်းတူအခွင့်အရေး ရရှိရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)