KNDF/PDF အကြမ်းဖက်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNDF/PDF အကြမ်းဖက်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး




MNP ၊ ဇွန် ၅

ဘောလခဲမြို့နှင့် ဖားဆောင်းမြို့ကြားရှိ တပ်မတော်၏ ထူးချောင်းကာကင်းစခန်းအား KNDF/PDF အကြမ်းဖက်အဖွဲ့များက လက်နက်ကြီးများဖြင့် ယမန်နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ကင်းစခန်းအား ထိမှန်ခြင်း မရှိဘဲ စခန်း၏ အနောက်တောင်ဘက် နေအိမ်ဈေးဆိုင်ကို ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။


KNDF/PDF အကြမ်းဖက်အဖွဲ့များက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်အချို့သည် ထူးချောင်းစခန်းအား ကျော်၍ စခန်း၏ အနောက်တောင်ဘက်ရှိ နေအိမ်ဈေးဆိုင်အတွင်းကျရောက်ပေါက်ကွဲသဖြင့် ဦးကျော်အေးလွင်၏ ဇနီး ဒေါ်သင်းသင်းမွန် (၂၆)နှစ်သည် ဗုံးစထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)