MNP ၊ ဇွန် ၅
ဘောလခဲမြို့နှင့် ဖားဆောင်းမြို့ကြားရှိ တပ်မတော်၏ ထူးချောင်းကာကင်းစခန်းအား KNDF/PDF အကြမ်းဖက်အဖွဲ့များက လက်နက်ကြီးများဖြင့် ယမန်နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ကင်းစခန်းအား ထိမှန်ခြင်း မရှိဘဲ စခန်း၏ အနောက်တောင်ဘက် နေအိမ်ဈေးဆိုင်ကို ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။
KNDF/PDF အကြမ်းဖက်အဖွဲ့များက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်အချို့သည် ထူးချောင်းစခန်းအား ကျော်၍ စခန်း၏ အနောက်တောင်ဘက်ရှိ နေအိမ်ဈေးဆိုင်အတွင်းကျရောက်ပေါက်ကွဲသဖြင့် ဦးကျော်အေးလွင်၏ ဇနီး ဒေါ်သင်းသင်းမွန် (၂၆)နှစ်သည် ဗုံးစထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
#MyanmarNationalPost


No comments:
Post a Comment