KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် နတ်သံကွင်း ကျေးရွာဘက်ခြမ်းတံတား၏ ကမ်းကပ်ခုံနှင့် ကပ်လျက် ပေ(၁၃၀)ခန့် ပြိုကျပျက်စီးသွားကြောင်း ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် နတ်သံကွင်း ကျေးရွာဘက်ခြမ်းတံတား၏ ကမ်းကပ်ခုံနှင့် ကပ်လျက် ပေ(၁၃၀)ခန့် ပြိုကျပျက်စီးသွားကြောင်း ထုတ်ပြန်




နေပြည်တော်၊ ဇွန် ၇

အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက် အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။


ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၆ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း ကျေးရွာ၏ အနောက်ဘက်ရှိ ပဲနွယ်ကုန်း-နတ်သံကွင်း-ကျောက်ကြီး ကားလမ်းပေါ်ရှိ ဒေသခံပြည်သူများ အားထားအသုံးပြုလျက် ရှိသည့် အရှည်(၇၂၀)ပေ အကျယ်(၃၀)ပေ စစ်တောင်း မြစ်ကူးတံတား (နတ်သံကွင်း)အား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲမှုကြောင့် နတ်သံကွင်း ကျေးရွာဘက်ခြမ်းတံတား၏ ကမ်းကပ်ခုံနှင့် ကပ်လျက် ပေ(၁၃၀)ခန့် ပြိုကျပျက်စီးခဲ့သည်။


အလားတူ အကြမ်းဖက်သမားများအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် တို့အတွင်းရှိ တံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ (၂၂) ကြိမ် ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။


အကြမ်းဖက် သမားများအနေဖြင့် ကျေးရွာသူ/ကျေးရွာသားများအား သွားလာမှု ခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန်၊ ကုန်စည်စီးဆင်းမှုကို ထိခိုက်ဆုံးရှုံးမှုဖြစ်စေပြီး တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးနှင့်မသက်ဆိုင် သော အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းတံတား များအား ဖောက်ခွဲဖျက်ဆီးခဲ့ ခြင်းသည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည်။


အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် လူနှင့် မော်တော်ယာဉ်များ သွားလာ၍ မရကြောင်းနှင့် တံတားပျက်စီးမှုအား သက်ဆိုင်ရာ လမ်း/တံတား ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter-Terrorism Operation)ကို  ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)