မအီမြို့မဈေးကြီးရှေ့ မြေယာရှုခင်း (Landscaping) အား စည်ပင်သာယာရေးအဖွဲ့မှ ပန်းအလှပင်များစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့မဈေးကြီးရှေ့ မြေယာရှုခင်း (Landscaping) အား စည်ပင်သာယာရေးအဖွဲ့မှ ပန်းအလှပင်များစိုက်ပျိုး





MNP ၊    ဇွန်   ၁၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ နံနက်ပိုင်းက မအီမြို့၊ မြို့မဈေးကြီးအရှေ့ဘက်ရှိ မြေယာရှုခင်း (Landscaping) အား မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်နှင့် အဖွဲ့ဝန်တမ်းများက ပန်းအလှပင်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


အဆိုပါ မြေယာရှုခင်း (Landscaping)ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ (၆.၂၂၇)ကျပ်သန်းဖြင့် ၂၀၂၂- ခုနှစ်၊ ဒီဇင်ဘာလတွင် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃- ခုနှစ်၊ ဖေဖော်ဝါရီလ၌ အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။


မအီမြို့ စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် ယခု ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဌာနမှ ဆောင်ရွက်ခဲ့သည့် ငွေလုံးငွေရင်းလုပ်ငန်း (၆)ခုနှင့် ကုမ္ပဏီမှဆောင်ရွက်ခဲ့သည့် လုပ်ငန်း(၆)ခုတို့ကို ဆောင်ရွက်ပြီးစီးခဲပြီ ဖြစ်ကြောင်း၊ ဆက်လက်၍ လာမည့် ဘဏ္ဍာနှစ်အသစ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း  မြို့ရွာများ ဖွံ့ဖြိုးစည်ပင်တိုးတက်စေရေးအတွက် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်က ပြေကြားသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)