MNP ၊ ဇွန် ၂
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၌မိုခါ မုန်တိုင်းဒါဏ်ကြောင့် ကျေးရွာသောက်သုံးရေကန်တစ်ချို့တွင် ဆားငံဝင်သွား၍
သောက်သုံးရေ အခက်အခဲများရှိရာသန့်ရှင်းသောသောက်ရေသန့်များရရှိစေရန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မေ ၃၁ ရက်နေ့ကကျေးရွာများသို့ Life Straw ရေသန့်စက်များပေးအပ်ခဲ့သည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများကလာရောက်ထုတ်ယူကြရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ဦးစီးမှူးဦးတင်မောင်ဦးက Life Straw ရေသန့်စက်သုံးစွဲနည်းအားရှင်းလင်းပြောကြားပြီး Life Straw ၅၀ လုံးအားကျေးရွာ ၃၂ ရွာကိုတာဝန်ရှိသူများကဖြန့်ဝေပေးခဲ့သည်။ အဆိုပါရေသန့်စက်များသည်ကျေးလက်နေပြည်သူများအတွက်သန့်ရှင်းသောသောက်ရေများလုံလောက်စွာရရှိမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment