ထားဝယ်မြို့မှ Money Changer လုပ်ငန်းနှစ်ခု ဗဟိုဘဏ်၏ ညွှန်ကြားချက်များကို လိုက်နာခြင်း မရှိသဖြင့် နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းများ သုံးလဆိုင်းငံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့မှ Money Changer လုပ်ငန်းနှစ်ခု ဗဟိုဘဏ်၏ ညွှန်ကြားချက်များကို လိုက်နာခြင်း မရှိသဖြင့် နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းများ သုံးလဆိုင်းငံ့


MNP ၊ ဇွန် ၁၀

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Shwe Wei Phone Myat Co., Ltd & Money Changer နှင့် Shwe Nan Taw Wyn Co., Ltd & Money Changer တို့ကို လုပ်ငန်းလိုင်းစင် ၃ လ ဆိုင်းငံ့ကြောင်း ကြေညာထားသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၁၅-၂-၂၀၁၇)ရက်နေ့တွင် ခွင့်ပြုထုတ်ပေးထားသော Money Changer License အမှတ် CBM-FEMD-351/2017 ရရှိထားသည့် Shwe Wei Phone Myat Co., Ltd သည် Money Changer လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါသဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၂ ကို ဖောက်ဖျက်ခြင်းဖြစ်သောကြောင့် ပုဒ်မ ၃၅ (ခ) အရ Shwe Wei Phone Myat Co., Ltd ၏ Money Changer လိုင်စင်အား (၉-၆-၂၀၂၃) ရက်နေ့မှ စတင်၍ သုံးလဆိုင်းငံ့ကြောင်း၊ သို့ဖြစ်ပါ၍ Shwe Wei Phone Myat Co., Ltd ၏ အမှတ် (၂၄)၊ နိဗ္ဗာန်လမ်း၊ မြို့တွင်းရပ်၊ ထားဝယ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသော Money Changer ကောင်တာ တွင် နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်ခွင့်မရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။


ထို့အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၁၅-၈-၂၀၁၉) ရက်နေ့တွင် ခွင့်ပြုထုတ်ပေးထားသော Money Changer License အမှတ် CBM-FEMD-458/2019 ရရှိထားသည့် Shwe Nan Taw Wyn Co., Ltd သည် Money Changer လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသောညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါသဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၂ ကို ဖောက်ဖျက်ခြင်း ဖြစ်သောကြောင့် ပုဒ်မ ၃၅ (ခ) အရ Shwe Nan Taw Wyn Co., Ltd ၏ Money Changer လိုင်စင်အား (၉-၆-၂၀၂၃) ရက်နေ့မှစတင်၍ သုံးလ ဆိုင်းငံ့ကြောင်း၊ Shwe Nan Taw Wyn Co., Ltd ၏ ဈေးရုံ (၂)၊ အမှတ်(၆)၊ ဈေးရှေ့ဘက်လမ်း၊ စည်ပင်သာယာဈေးကြီး၊ ထားဝယ်မြို့တွင် ဖွင့်လှစ်ထားသော Money Changer ကောင်တာတွင် နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်ခွင့်မရှိကြောင်း အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)