ဂွမြို့နယ် ဝန်ထမ်းများအား သတင်းစွမ်းဆောင်ရည် မြင့်မားလာစေရန် mTubeတွင် သာမန်ဗီဒီယိုများ လွှင့်တင်ခြင်း သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ် ဝန်ထမ်းများအား သတင်းစွမ်းဆောင်ရည် မြင့်မားလာစေရန် mTubeတွင် သာမန်ဗီဒီယိုများ လွှင့်တင်ခြင်း သင်တန်း ဖွင့်လှစ်




MNP ၊    ဇွန်   ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဝန်ထမ်းများအား သတင်းဗီဒီယို ပြုလုပ်မှု ပိုမိုအားကောင်းလာစေရန်နှင့် သတင်း စွမ်းဆောင်ရည်များ မြင့်မားစေရန်ရည်ရွယ်၍ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က  mTubeတွင် သာမန်ဗီဒီယိုများ လွှင့်တင်ခြင်း သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမတွင်  ယမန်နေ့ ညနေ(၃)နာရီက ဖွင့်လှစ် သင်ကြားပေးခဲ့သည်။


အဆိုပါသင်တန်းတွင် သတင်းဗီဒီယို ပြုလုပ်ပုံ၊ mTube Video Streaming Platform၌ သာမန်ဗီဒီယို လွှင့်တင်နည်း အဆင့်ဆင့် တို့ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၂-ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော အမိန့်/ညွှန်ကြားချက်များ စာအုပ်ပါ mTube Video Streaming Platform၌ သာမန်ဗီဒီယို လွှင့်တင်ခြင်း အကြောင်းမှ စာတွေ့နည်းနှင့် မိမိတို့၏ ကိုယ်ပိုင်ဖုန်းတို့ရှိ mTube  applicationဖြင့် သာမန်ဗီဒီယို လက်တွေ့ လွှင့်တင်နည်းတို့ကို ပေါင်းစပ်ကာ (၃)နာရီကြာ  သင်ကြားပေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)