ပြည်ဖျက်မိစ္ဆာ NUG(NLD)နှင့် လက်ဝေခံအဖွဲ့များ၏ လှုံ့ဆော်မှုများကို Facebok ၊Tiktok တို့တွင် လိုက်ပါလုပ်ဆောင်ခဲ့သူ အများအပြား ဖမ်းဆီးရမိ၊ ဆယ်လီနှင့် အနုပညာရှင်များ ထိန်းသိမ်းခြင်း မခံရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မိစ္ဆာ NUG(NLD)နှင့် လက်ဝေခံအဖွဲ့များ၏ လှုံ့ဆော်မှုများကို Facebok ၊Tiktok တို့တွင် လိုက်ပါလုပ်ဆောင်ခဲ့သူ အများအပြား ဖမ်းဆီးရမိ၊ ဆယ်လီနှင့် အနုပညာရှင်များ ထိန်းသိမ်းခြင်း မခံရ


နေပြည်တော်၊ ဇွန် ၂၁

ပြည်ဖျက်မိစ္ဆာ NUG(NLD)နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၁)ရပ်ကွက်နေ ကေစင်မိုးဝေသည် ၎င်းအသုံးပြုသည့် “Kay Zin Moe” TikTok အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ချင်းစုရပ်ကွက်နေ စွမ်းထက်နိုင်နှင့် ဇေယျာတိုးချဲ့ရပ်ကွက်နေ ရွှေစင်ဝင်းတို့သည် “Shwe Sin Win” Facebook အကောင့်၊ ရေဦးမြို့နယ်၊ အောင်ဆန်းရပ်ကွက်နေ ကျော်လင်းအောင်(ခ)ဖိုးလုံးသည် ၎င်းအသုံးပြုသည့် “Kyaw Linn Aung” Facebook အကောင့်၊ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မြရာချောင်းကျေးရွာနေ သားဖြူ နှင့် အေးသာယာကျေးရွာနေ ထက်ထက်နိုင်(ခ)ဖိုးတာတို့သည် ၎င်းတို့အသုံးပြုသည့် “Thar Phyu” Facebook အကောင့်၊ “Htet Htet Naing” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရေကင်းကျေးရွာနေ ချိုချိုမာသည် ၎င်းအသုံးပြုသည့် “Cho Cho Mar” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်နေ စုဝေဖြိုးသည် ၎င်းအသုံး ပြုသည့် “Su Wai Phyo”Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ရွာသစ်ရပ်ကွက်နေ ကျော်သူ(ခ)မိုဟန်သည် ၎င်းအသုံးပြုသည့် “Kyaw Thu” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်နေ နောင်ပြည်ဖြိုး (ခ)နောင်ကြီးသည် ၎င်းအသုံးပြုသည့် “Naung Pyae Phyo” Facebook အကောင့်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စမ်းကြီးရပ်ကွက်နေ သီတာလှိုင်(ခ)သမီးထွေးသည် ၎င်းအသုံးပြုသည့် “Thida” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ မြင့်မြင့်အေးသည် ၎င်းအသုံးပြုသည့် “Myint Myint Aye” Facebook အကောင့်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ မြကေခိုင်သည် ၎င်းအသုံးပြုသည့် “Kiti Khine” Facebook အကောင့်၊ သင်္ဃန်းကျွန်းမြို့နယ်၊ (က)ရပ်ကွက်နေ ဆုမြတ်ထွန်း(ခ)ဂျူးဂျူးသည် ၎င်းအသုံး ပြုသည့် “Jue Jue” Facebook အကောင့်၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်နေ ဝင်းစန်း၊ စိုးစိုး၊ သင်းသင်းစိုး၊ မီးမီး၊ ညွန့်ညွန့်လှိုင်တို့ ၅ ဦးသည် “Hein Min Soe” TikTok အကောင့်၊ ကျောင်းကုန်းမြို့နယ်နေ စုမွန်လှိုင်၊ ခင်စောငြိမ်း(ခ)မှုံမှုံ၊ သန္တာကျော်(ခ)မိခို၊ နှင်းနွယ်စိုး(ခ)မနှင်း၊ အေးအေးချော(ခ)အိပုံနှင့် ယုယုနိုင်(ခ)မယုတို့ ၆ ဦးသည် ၎င်းတို့အသုံးပြုသည့် “Su Mon Hlaing” Facebook အကောင့်၊ “Khin Saw Nyein” Facebook အကောင့်၊ “Thandar Kyaw” Facebook အကောင့်၊ “Ma Hinn” Facebook အကောင့်၊ “Aye Aye Chaw” Facebook အကောင့်၊ “Ma Yu” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်နေ မိုးမိုးခိုင်(ခ) မို့မို့ခိုင်သည် ၎င်းအသုံးပြုသည့် “Moe Moe Khine” Facebook အကောင့်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်နေ ပန်းအိနွယ်သည် ၎င်းအသုံးပြုသည် “Pan Ei Nwe” Facebook အကောင့်၊ ကမာရွတ် မြို့နယ်နေ အားဆိုင်၊ ပြည့်စုံအောင်နှင့် ချစ်ဖူးဝေတို့သည် ၎င်းတို့အသုံးပြုသည့် “Ah Saing” Facebook အကောင့်၊ “Pyae Sone Aung” Facebook အကောင့်၊ “Chit Phoo Wai” Facebook အကောင့်တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေ နှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အထက်ဖော်ပြပါ အရေးယူဆောင်ရွက်ခြင်း ခံရသူများမှာ ရက်ပိုင်းအတွင်းက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ ပန်းသပိတ်လှုံ့ဆော်မှုတွင် ပါဝင်ခဲ့သူများဖြစ်သည်။ ပြည်ဖျက်မိစ္ဆာ NUG(NLD)နှင့် လက်ဝေခံအဖွဲ့များ၏ လှုံ့ဆော်မှုများကို Facebokတွင် လိုက်ပါလုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်၊ ဆယ်လီများကို  အရေးယူဆောင်ရွက်ခြင်းမရှိပေ။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)