MNP ၊ ဇွန် ၁၈
မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဒါဝီလမ်း၊ (ဈ)ဈေးရှေ့ရှိ မြတ်မောင် ရွှေဆိုင်မှ သိန်းပေါင်း (၁၆၆၀၀)တန်ဖိုးရှိ ရွှေနှင့် စိန် များကို ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက လုယက်ယူဆောင်သွားကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဒါဝီလမ်းဘေးရှိ မြတ်မောင် စိန်ထည်နှင့် ရွှေထည် ပစ္စည်းအရောင်းဆိုင်တွင် ပိုင်ရှင် ဦးအောင်ထူး ပါ အရောင်းဝန်ထမ်း (၁၁)ဦး၊ လုံခြုံရေးဝန်ထမ်း ကိုအောင်အောင် ပါ (၅)ဦးတို့ ရှိနေစဉ် ယနေ့ညနေ (၄ ၁၅ ) အချိန်က အကြမ်းဖက်သမား ၃ဦး ဆိုင်အတွင်း ဝင်ရောက်လာပြီး သေနတ် မိုးပေါ်ထောင်ဖောက်၍ ဆိုင်ဝန်ထမ်း လုံခြုံရေး ကိုအောင်အောင် နှင့် ကိုလှမိုး တို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်းတို့ အသင့်ယူလာသည့် တူဖြင့် ဆိုင်၏ မှန်ကောင်တာများအား ရိုက်ခွဲ၍ ကောင်တာအတွင်းရှိ စိန်ထည် ပစ္စည်းများနှင့် ရွှေထည် ပစ္စည်းမျိုးစုံတို့အား ယူဆောင်၍ ပြန်လည်ထွက်ပြေးသွားခဲ့ကြသည်။
သေနတ်ဖြင့် ပစ်ခတ်ခံ ရမှုကြောင့် ကိုအောင်အောင် ၌ ဝဲလက်ခုံထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကိုလှမိုး ၌ ယာခြေထောက် ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ/စိစစ်ဆဲ)တို့ ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိသူ (၂)ဦးအား မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ကနဦး ပို့ဆောင်ကုသပေးလျက်ရှိကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 9 MM LUGER ကျည်ခွံ (၁၁)ခု တွေ့ရှိခဲ့သည်။
#MyanmarNationalPost

No comments:
Post a Comment