NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးသူများအား ပြစ်ဒဏ်များချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးသူများအား ပြစ်ဒဏ်များချမှတ်


MNP ၊ ဇွန် ၁၁

တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးသူများအား စစ်ခုံရုံးဖြင့်စစ်ဆေးပြီး ၉-၆-၂၀၂၃ ရက်နေ့က ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အများပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေသူ တရားခံ ဆလိုင်းယောသတ်ဗန်ဒူးထန်အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ခ)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဟားခါးမြို့နယ်တွင် နေထိုင်လျက်ရှိပြီး CDF အကြမ်းဖက်များထံက ပြောက်ကျားဝတ်စုံနှင့် သေနတ်အား ယူဆောင်၍ ဓာတ်ပုံရိုက်ကူးခဲ့ပြီး CDF အကြမ်းဖက်များနှင့် ပတ်သတ်ဆက်နွယ်သူ တရားခံ လာလ်ထန်ဇမ်းအား  စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအား စစ်အုပ်ချုပ်ရေး(Martial Law)ကြေညာထားသည့် မြို့နယ်များတွင် စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၁၃၂) ဦးအား ပြစ်ဒဏ်များချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)