ကန့်ဘလူမြို့နယ်တွင် ပြည်ဖျက်မိစ္ဆာများဖွဲ့စည်းထားသော NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇လုံး မီးလောင်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်တွင် ပြည်ဖျက်မိစ္ဆာများဖွဲ့စည်းထားသော NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇လုံး မီးလောင်ပျက်စီး



MNP ၊ ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာရှိ နေအိမ်များအား PDF အမည်ခံအကြမ်းဖက်သမားများက ဇွန် ၁၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအတွင်းသို့ ဇွန် ၁၉ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား အင်အား ၅၀ ဦးခန့်က ကျေးရွာ၏ အရှေ့တောင်ဘက်မှ ရွာအတွင်းသို့ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား အကြောင်းမဲ့ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများဖွဲ့စည်းထားသော NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ပြည်သူများအား ပစ်မှတ်ထား၍ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေကြခြင်းဖြစ်သည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)