နတ္တလင်းမြို့နယ်တွင် NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမား ၄ဦး အသေဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ္တလင်းမြို့နယ်တွင် NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမား ၄ဦး အသေဖမ်းဆီးရမိ








MNP ၊ ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့နယ်တွင် ယမန်နေ့ နေ့လည်ပိုင်းက NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမား ၄ဦး ကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၏ အရှေ့မြောက်ဘက် ဘိုကြီးစခန်းကျေးရွာနှင့် ညောင်လေးပင်ကျေးရွာတစ်ဝိုက်၌ PDF များ ရောက်ရှိခိုအောင်းနေကြောင်း ဒေသခံများရဲ့သတင်းအရ သွားရောက်ရှင်းလင်းရာ မသင်္ကာဖွယ် တဲ ၂ လုံးအားတွေ့ရှိသဖြင့် ဝင်ရောက် ရှင်းလင်းရာ PDF ၆  ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါထိတွေ့မှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမား ၄ဦအား အသေဖမ်းဆီးရမိပြီး  စက်လက် ၁ လက်၊ ကာဘိုင်  ၁ လက်၊ ၁၂ ဘိုးလ်သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၀၆ တောင့်၊ ပြောက်ကျားယူနီဖောင်း ၂ စုံ၊ ကျောပိုးအိတ် ၃ လုံး၊ ရီမုခလုတ် ၂ ခု၊ ဆိုလာပြား ၄ ချပ်၊ တဲ ၂ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)