MNP ၊ ဇွန် ၆
တေးသံရှင်လီလီနိုင်ကျော် အား NUG(NLD) အကြမ်းဖက်အဖွဲ့က ၃၀-၅-၂၀၂၃ ရက်နေ့က လုပ်ကြံပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သော Khit Thit Media က ရေးသားဖော်ပြသော သတင်းတွင် အမျိုးသမီးတစ်ဦး လုပ်ကြံခံရသည်ကို ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့ကြသည့် နီပိန်း အကြမ်းဖက်အားပေးသူများထဲတွင် အငြိမ်းစား ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ပါဝင်ခဲ့သည်။
အဆိုပါ အကြမ်းဖက်အားပေး အငြိမ်းစားရဲတပ်ဖွဲ့ဝင်အား ဖမ်းဆီးထိန်းသိမ်းပြီး ဗန်းမော်ထောင်သို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။
တေးသံရှင်လီလီနိုင်ကျော် အား NUG(NLD) အကြမ်းဖက်အဖွဲ့က လုပ်ကြံခဲ့မှုဖြစ်စဉ်အပြီးတွင် ပြည်ဖျက်မီဒီယာများက ဝမ်းမြောက်ဝမ်းသာ ဖော်ပြခဲ့ကြပြီး နီပိန်း( အကြမ်းဖက်အားပေးသူ) အများအပြားကလည်း လူသားချင်းစာနာမှုကင်းမဲ့စွာ ရေးသားဖော်ပြမှုများ ပြုလုပ်ခဲ့ကြသည်။ NUG(NLD) အကြမ်းဖက်အဖွဲ့ ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော တေးသံရှင်လီလီနိုင်ကျော် အား ဆရာဝန်ကြီးများက ကြိုးစားကုသပေးခဲ့သော်လည်း ယနေ့ (၆-၆-၂၀၂၃) ရက်နေ့ နံနက်ပိုင်းက ကွယ်လွန်သွားခဲ့သည်။
#MyanmarNationalPost


No comments:
Post a Comment