မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်းနှင့် OBD ii သင်တန်းများဖွင့်ပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်းနှင့် OBD ii သင်တန်းများဖွင့်ပွဲ အခမ်းအနား ကျင်းပ



MNP ၊    ဇွန်   ၆

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်းနှင့် OBD ii သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများအား လိုက်လံနှုတ်ဆက် ခဲ့ကြသည်။  ၎င်းလုပ်ငန်းသစ် ဝန်ဆောင်မှု သင်တန်းအမှတ်စဉ် (၁၀/၂၀၂၃) ကို သင်တန်းသားသင်တန်းသူ ၂၀ ဦးတက်ရောက်ပြီး  သင်တန်းကာလမှာ ရက်သတ္တပတ် ၃  ပတ် ကြာမြှင့်မည်ဖြစ်ပြီး OBD ii သင်တန်း အမှတ်စဉ် (၅/၂၀၂၃)ကို သင်တန်းသားသင်တန်းသူ ၅ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၆  ပတ်ကြာ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)