NUG(NLD) အကြမ်းဖက်အုပ်စု၏ သြဇာခံ ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးသူများအား ပြစ်ဒဏ်ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG(NLD) အကြမ်းဖက်အုပ်စု၏ သြဇာခံ ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးသူများအား ပြစ်ဒဏ်ချမှတ်





MNP ၊ ဇွန် ၁၀

NUG(NLD) အကြမ်းဖက်အုပ်စု၏ သြဇာခံ ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးသူများအား (၉-၆-၂၀၂၃)ရက်နေ့က သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်ချမှတ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။


ဒီပဲယင်းမြို့နယ်၊ လိပ်သည်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်မှုရှိကာ အကြမ်းဖက်စခန်းများသို့ သွားရောက်ခဲ့ခြင်းများ ရှိသော်လည်း အကြမ်းဖက်သမားများသတင်းအား သက်ဆိုင်ရာသို့ သတင်းပေးရန် ပျက်ကွက်ခဲ့သူ တရားခံ ဇော်နိုင်ထွန်း(ခ) မျက်ပြူး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်(တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


မုံရွာမြို့၊ အေးသာယာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များနှင့် လူမှုကွန်ယက်ပေါ်တွင် ချိတ်ဆက်မှုရှိခြင်းနှင့် အကြမ်းဖက်အားပေးပုံများ  Post တင်ခြင်းများဆောင်ရွက်ခဲ့သူ တရားခံ ကျော်ဗလ(ခ)ဖိုးကျော် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ယင်းမာပင်မြို့နယ်၊ မြရိပ်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်မှုရှိကာ အကြမ်းဖက်များ စခန်းများသို့ သွားရောက်ခဲ့ခြင်းများရှိသော်လည်း အကြမ်းဖက်သမားများသတင်းအား သက်ဆိုင်ရာသို့ သတင်းပေးရန် ပျက်ကွက်ခဲ့သူ တရားခံ ရာဇာထွန်း(ခ)ရာဇာအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ကလေးမြို့နယ်၊ ဆည်ကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့ခြင်း၊ PDF အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်၍ ပူးပေါင်းခဲ့သူ တရားခံ လာခူးလျန်(ခ)ခူးမား၊ တရားခံ လျန်ထောင်း တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ ထောင်ဒဏ်(၅)နှစ်၊ ၅၂(ဂ)အရ ထောင်ဒဏ်(၇)နှစ်(တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)