ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများကို ယုံစားပြီး အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများကို ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများကို ယုံစားပြီး အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများကို ပြစ်ဒဏ်အသီးသီးချမှတ်


MNP ၊ ဇွန် ၁၇

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများကို ယုံစားပြီး အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်၍ ကိုယ့်မြို့ ကိုယ့်ရွာကို ဖျက်ဆီးခဲ့ကြသော ဆင်ခြင်တုံတရားကင်းမဲ့သည့် အကြမ်းဖက်သမားများအနက်မှ ဖမ်းဆီးရမိထားသူများကို သက်ဆိုင်ရာမြို့နယ်များတွင် ယမန်နေ့က ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။


ရွှေဘိုမြို့နယ်၊ ရွှေကိုပင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်ဖွဲ့များအား ရိက္ခာများထောက်ပံ့ခြင်းနှင့် လုံခြုံရေးအဖွဲ့များ၏ သွားလာလှုပ်ရှားမှုကို PDF အကြမ်းဖက်အဖွဲ့များထံ သတင်းပေးပို့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ အေးမင်းထွေး(ခ)စာကလေးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (သီးခြားစီ)ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်၊ မြောင်းကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်ဖွဲ့များအား ရိက္ခာများထောက်ပံ့ခြင်းနှင့် လုံခြုံရေးအဖွဲ့များ သွားလာလှုပ်ရှားမှုကို PDF အကြမ်းဖက်အဖွဲ့များထံ သတင်းပေးပို့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ အောင်မျိုးခိုင်(ခ)ကြာစိအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (သီးခြားစီ)ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့များ သွားလာလှုပ်ရှားမှုကို PDF အကြမ်းဖက်အဖွဲ့များထံ သတင်းပေးပို့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ဒေါ်ခင်သူဇာအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ပြည်သူများအား အထိတ်တလန့် ကြောက်ရွံမှုဖြစ်ပေါ်စေရန် လူမှုကွန်ရက်ပေါ်တွင် ရွှေဘိုခရိုင်အတွင်း ဆူပူဆန္ဒပြမှု သတင်းများတင်ခြင်း၊ ခရိုင်အတွင်းရှိ PDF အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်ပြီး ၎င်းတို့ ဆောင်ရွက်သည့် သတင်းများတင်ခြင်း၊ အကြမ်းဖက်သမားများအတွက် အလှူငွေများ ကောက်ခံပေးခြင်းနှင့် အလှူငွေထည့်ဝင်ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ မေသူကျော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (သီးခြားစီ)ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ပြည်သူများအား အထိတ်တလန့်ကြောက်ရွံမှုဖြစ်ပေါ်စေရန် လူမှုကွန်ရက်ပေါ်တွင် ရွှေဘိုခရိုင်အတွင်း ဆူပူဆန္ဒပြမှုသတင်းများတင်ခြင်း၊ ခရိုင်အတွင်းရှိ PDF အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်ပြီး ၎င်းတို့ ဆောင်ရွက်သည့် သတင်းများတင်ခြင်း၊ လုံခြုံရေးအဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှု သတင်းများ တင်ခြင်း၊ အကြမ်းဖက်သမားများအတွက် အလှူငွေကောက်ခံပေးခြင်းနှင့် အလှူငွေထည့်ဝင်ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ လှမျိုးထွန်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (သီးခြားစီ)ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရှိရပါသည်။


ထို့အတူ ဒီပဲယင်းမြို့နယ်၊ ဒီပဲယင်းမြို့မရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့များ သွားလာလှုပ်ရှားမှုကို PDF အကြမ်းဖက်အဖွဲ့များထံ သတင်းပေးပိုခြင်းများ ဆောင်ရွက်ခဲ့ခြင်းနှင့် PDF အကြမ်းဖက်သမားများ၏ သတင်းများ သိရှိခဲ့သော်လည်း သက်ဆိုင်ရာသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ ဇော်မင်းထွန်း(ခ)မင်းဆန်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်၊ အနောက်ကွက်သစ်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့များ သွားလာလှုပ်ရှားမှုကို PDF အကြမ်းဖက်အဖွဲ့များထံ သတင်းပေးပို့ခြင်းများ ဆောင်ရွက်ခဲ့ခြင်းနှင့် PDF အကြမ်းဖက်သမားများ၏ သတင်းများ သိရှိခဲ့သော်လည်း သက်ဆိုင်ရာသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ ဇာနည်ကျော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူများမှာ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများထံမှ ငွေကြေးလက်ခံရယူပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးလမ်းမျိုးစုံဖြင့် လုပ်ကြံဖန်တီးလှုံ့ဆော်မှုများကို နားယောင်ပြီး အကြမ်းဖက်လှုပ်ရှားမှုများတွင်  ပါဝင်ဆောင်ရွက်နေသော အကြမ်းဖက်သမားများ၊ အကြမ်းဖက်လှုံ့ဆော်မှုများသူများကို နေ့စဉ်ဖမ်းဆီးထိန်းသိမ်း အရေးယူဆောင်ရွက်လျက်ရှိသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)