ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ရွာအနီး PDF အကြမ်းဖက်သမားများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ရွာအနီး PDF အကြမ်းဖက်သမားများ ဖမ်းဆီးရမိ









MNP ၊ ဇွန် ၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ရွာအနီးတွင် PDF အကြမ်းဖက်သမားများကို တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ ၁ဦး (အသေ)၊ ၂ဦး (အရှင်) ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။


သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်စောင့်ဆိုင်းနေခဲ့ပြီး မောင်းနှင်လာသော AD Van ကားအား စစ်ဆေးရန်ရပ်တန့်ခိုင်းရာ မောင်းပြေးသည့်အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး PDF အကြမ်းဖက်အဖွဲ့ဝင် မောင်အေး (ယာဉ်မောင်း)(သေဆုံး) (PDF ထောက်ပို့နှင့် ဒလန်ရှင်းလင်းရေးအဖွဲ့ဝင်)၊ မြင့်လွင် (ဖမ်းဆီးရမိ) (PDF ထောက်ပို့နှင့် ဖားကန့်သပိတ်ဦးဆောင်သူ)၊ ဝင်းသိန်း (ဖမ်းဆီးရမိ) (PDF ထောက်ပို့တာဝန်ခံ) တို့ကို ဖမ်းဆီးရမိပြီး ၎င်းတို့ထံမှ  SIG SAUER ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၁ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဒီတိုနေတာ ၅၀ ချောင်း၊ လက်လုပ်မိုင်း ၃ လုံး၊ ကော်ဖီမစ်(အထုတ်ကြီး) ၃၅ ထုပ်၊ ဆေးပေါ့လိပ် ၄၀ စီး၊ ခေါက်ဆွဲခြောက် ၇ ဖာ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


၎င်းတို့ ၃ ဦးသည် KIA ရင်း(၆)ရှိ PDF အကြမ်းဖက်အဖွဲ့များအတွက် ၁ လလျှင် ၂ ကြိမ် ရိက္ခာပစ္စည်း ထောက်ပံ့ပေးရကြောင်း၊ ယခုဒုတိယအကြိမ် ထောက်ပံ့ရန် ဖားကန့်မြို့ပေါ်ဈေးဆိုင်များမှ ပစ္စည်းများ ဝယ်ယူစုဆောင်းပြီး ပြန်လာခြင်းဖြစ်ကြောင်း၊ PDF များအတွက် လိုအပ်သောလက်နက်/ခဲယမ်းများကို ချိတ်ဆက်ဝယ်ယူပေးခြင်း လုပ်ဆောင်ပေးလျက်ရှိကြောင်း စိစစ်ဖော်ထုတ်ချက်အရ သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)