တောင်ကြီးမြို့တွင် PDFအဖွဲ့ဝင် ၃ ဦး လက်နက်ဖြင့်အလင်းဝင်ရောက်၊ ဆုငွေများချီးမြှင့်ပေးပြီး မိဘအုပ်ထိန်းသူများထံ အပ်နှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့တွင် PDFအဖွဲ့ဝင် ၃ ဦး လက်နက်ဖြင့်အလင်းဝင်ရောက်၊ ဆုငွေများချီးမြှင့်ပေးပြီး မိဘအုပ်ထိန်းသူများထံ အပ်နှံ






MNP ၊ ဇွန် ၁၁

EAOs နယ်မြေများ၌ အကြမ်းဖက်ဖောက်ခွဲမှုသင်တန်းတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင် ၃ ဦးတို့သည် တူမီးသေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ထောက်ပံ့ငွေများပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘများထံ စနစ်တကျပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများထဲတွင် ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်းဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး လက်နက်များအပ်နှံ၍ ဝင်ရောက်လာမည်ဆိုပါက လက်နက်အမျိုးအစားလိုက် ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ယနေ့အချိန်ထိ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင် စုစုပေါင်း (၅၃၈)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)